Squid Game  ရုပ်ရှင်က အနုပညာတစ်ခုပါ။ အရမ်းကို ရိုးရှင်းတဲ့အနုပညာဖန်တီးမှုတစ်ခုပါဘဲ့။

ကျွန်တော်တို့ အထင်ကြီးနေကြတဲ့ဂိမ်းတွေ (ဥပမာ – Card games တို့ Chess တို့ Checker games တို့ ကမ္ဘာကျော် Sports games တို့ Online games တို့) လိုမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒီတိုင်းငယ်ဘဝအမှတ်တရဂိမ်းတွေကို အနုပညာတစ်ခုအနေနဲ့ ဖန်တီးလိုက်တဲ့ ရုပ်ရှင်တစ်မျိုးပါဘဲ့။ ဇာတ်ကားထဲမှာ ဘာမှအငြင်းပွားဖွယ်ရာမရှိအောင် ရိုက်ပြထားပါတယ်။  ဇာတ်လမ်းဇာတ်အိမ်က ဆင်တူယိုးမှားတွေရှိကောင်းရှိနိုင်ပေမယ့်မတူကွဲထွက်အောင် ဖန်တီး ထားတာကို ငြင်းလို့မရပါဘူး။

အနုပညာဖန်တီးမှုကို အနုပညာမျက်စိနဲ့သာကြည့်ရင် ရသတစ်ခုတော့ရကိုရသွားမှာပါ။ ရီစရာပါလို့ ရီဖြစ်ခဲ့ရင် ဒါဟာအနုပညာဘဲ့။ ငိုစရာပါလို့ ငိုဖြစ်ခဲ့ရင်လည်းအနုပညာပါဘဲ့။ စက်ဆုပ်စရာ၊ ဒေါသထွက်စရာတွေဖြစ်လာခဲ့ရင်လည်းအနုပညာမြောက်တာဘဲ့။သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရတဲ့  ရသမျိုးဖြစ်ခဲ့ရင်လည်းအနုပညာဖန်တီးမှုဟာအောင်မြင်တာဘဲ့လေ။

ကျွန်တော့အနေနဲ့ပြောရရင် Squid Game မှာ ဘဝင်မကျတာတစ်ခုတော့ရှိပါတယ်။ VIP ရောက်လာမယ်ဆိုတာကို အများကြီးမျှော်လင့်ထားခဲ့တာ တကယ်တမ်းနောက်မှပေါ်လာတဲ့ VIP ကောင်တွေက ပေါကားမှာပါဝင်အားဖြည့်တဲ့ လေသံမျိုးတဲ့ စကားတွေညစ်ထုတ်ပြောပြီး သရုပ်ဆောင်သွားတာကိုဘဝင်မကျဆုံးဘဲ့။ကျန်တာတော့ကျွန်တော့အတွက်Perfectဖြစ်တယ်လို့ဘဲ့မြင်တယ်။

 အဓိကအကျဆုံးအချက်က Squid Game ရုပ်ရှင်ထွက်လာတာက စဆရကတွေအတွက် ဂျေဝင်တဲ့အလှည့်လို့ ယူဆရပါတယ်။ သူတို့အထင်ကြီးနေကြတဲ့ ဂိမ်းတွေမှရုပ်ရှင်ဖြစ်လာကြလို့ စိတ်ကြီးဝင်နေကြသူတချို့က ဘာမဟုတ်လောက်တဲ့ဂိမ်းတွေလည်း နေရာတစ်ခုရောက်လာတာကို မနာလိုတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် K drama ဖန်တွေကို အမြင်ကပ်နေကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ K drama ရုပ်ရှင်ဇာတ်လမ်းတွေ ကိုချစ်မြတ်နိုးကြတဲ့ Society တစ်ခုဟာ မြန်မာပြည်မှာ ရှိနှင့်နေပြီးသားပါ။ ပေါပေါကောင်းကောင်း သူတို့ဟာသူတို့အားကျရတဲ့ သရုပ်ဆောင်တွေကို ငေးမောကြည့်ရှုပြီး အတုယူရတာနဲ့တင် သူတို့လေးတွေအတွက် တန်နေပါပြီ။ Squid game ကလည်း သူတို့အတွက်အသစ်အဆန်းအနေနဲ့ မြင်တွေ့လိုက်ရတာမျိုးဖြစ်လို့သူတို့ရဲ့Societyကြားမှာပြောမဆုံးနိုင်တာမျိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အနုပညာကိုသပ်ရပ်စွာပုံဖော်ထားတာကိုတော့ လက်ခံပေးရမှာပါ။  

Thanks for reading, with love.

Netflix.com

Read more:ကျွန်တော်တို့ဟာ လူငယ်တွေ

Tags:

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *