ယခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုတို့၏အာဏာသိမ်းမှုဖြစ်ပွားခဲ့တာ ခုနှစ်လနှင့်ခုနှစ်ရက်တိတိရှိပါပြီ။ နိုင်ငံအတွင်း ရက်စက်ယုတ်မာမှုများနှင့် လူမဆန်မှုများဟာ တစ်ရက်ထက်တစ်ရက်ပို၍များပြားစွာ ပေါ်ပေါက်လာကြတယ်။ ပြည်သူများသည် ဓားသွားပေါ်လမ်းလျှောက်နေရသလို သေခြင်းတရားဆိုက်ရောက်လာမယ့်နေ့ရက်တွေကို စောင့်မျှော်ရင်း ကြောက်ရွံ့စိုးထိတ်စွာ ရှင်သန်နေကြရပါတယ်။

အာဏာသိမ်းပြီးချိန်ကစတင်၍ အကြမ်းဖက်စစ်ကောင်စီတို့သည် ဆန္ဒပြပြည်သူများကိုအကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းခြင်းများပြုလုပ်လာခဲ့ကြသည်။ လက်နက်မဲ့ပြည်သူတွေကို သူတို့ဆန္ဒရှိလျှင်ရှိသည့်အတိုင်း သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြည်သူများ၏ပိုင်ဆိုင်မှုမှန်သမျှကို လုယူသိမ်းဆည်းခြင်းကိုလည်းပြုလုပ်ခဲ့သည်။ မီဒီယာပေါ် ဖော်ပြရောက်ရှိလာခြင်းမရှိသော အသက်ဆုံးရှုံးသူအများအပြားလည်းရှိခဲ့သည်။ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် လူငယ်လူထုခေါင်းဆောင်များကို ယနေ့ဖမ်းဆီးထိန်းသိမ်းပြီး မနက်ဖန် သေဆုံးနေသောခန္ဓာကိုယ်ရုပ်အလောင်းပြန်လည်ပို့ဆောင်ခြင်းတို့အထိပင် လူမဆန်စွာပြုလုပ်ခဲ့သည်။
နေ့ရက်တိုင်းသည် မြန်မာပြည်သူလူထုအတွက် ဆုလက်ဆောင်တစ်ခုအဖြစ် ရှင်သန်နေထိုင်နေကြရသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)မှ အမျိုးသားညီညွှတ်ရေးအစိုးရအသစ်တစ်ရပ်ဖြစ်သော (NUG)ကို ဖွဲ့စည်းထူထောင်ပြီးနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်များကို ဒေသအသီးသီးတွင် ပြည်သူ့လူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်အာဏာသိမ်းစစ်ကောင်စီတပ်များကို နေရာကွက်ကျား ပျောက်ကြားစနစ်ဖြင့် ခုခံတွန်းလှန်းလျက်ရှိကြသည်။ ယင်းအကြောင်းအရာကြောင့် အာဏာသိမ်းစစ်အုပ်စုသည် တိုင်းပြည်အတွင်း စစ်ဆေးနှိပ်ကွပ်ခြင်းများကို ယခင်ကထက်တိုးချဲ့ပြုလုပ်လာကြပါသည်။ ပြည်သူများ၏ နေအိမ်အတွင်းရှိသမျှပိုင်ဆိုင်မှုများကို ဖျက်ဆီးဝင်ရောက်၍ရှာဖွေဖမ်းဆီခြင်းတို့ပြုလုပ်လာခဲ့ကြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ခေါင်းဆောင်ဖြစ်သောဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည် သူ့၏လက်အောက်ခံတပ်သားစစ်သားများကို ပြည်သူအပေါ်ရန်သူများဟုသတ်မှတ်စေသည့် လွဲမှားသောအယူသစ်များခေါင်းထဲသွပ်သွင်းခြင်းများပြုလုပ်ထားကြပေသည်။ မင်းအောင်လှိုင်သည် လက်အောက်ခံတပ်သားများအား မူးယစ်ဆေးမျာအသုံးပြုပြီးအသိစိတ်ပျောက်ကာ ပြည်သူများအပေါ် ကိုယ်ဝန်သည်မသိကလေးလူငယ်မသိ မည်သူကိုမျှဂရုမပြုစေရန်ရည်ရွယ်ကာ သုံးစွဲစေခဲ့သည်။ နေ့ဘက်သာမကညအချိန်မတော် သေနတ်ပစ်ဖောက်ခဲ့ခြင်းများသည် ပြည်သူအဖို့မည်သို့မျှလုံခြုံဘေးကင်းမှုများမဖြစ်ပေါ်စေတော့ပါ။ရပ်ကွက်ရပ်ရွာအတွင်း လူငယ်များကို မြင်တွေ့လျှင်စိတ်အလိုရှိသည့်အတိုင်းဖမ်းဆီး၍အကျဉ်းချလျက်ရှိသည်။ အကြမ်းဖက်စစ်အုပ်စု၏လက်အောက်တွင် ရွာလုံးကျွတ်မီးရှို့ခံရခြင်းများရှိသောကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် မုဒိန်းမှုများအလျှိုလျှိုဖြစ်ပေါ်လျက်ရှိပါသည်။ ရပ်သူရွာသားများအဖို့ စစ်ဘေးဒုက္ခသည်များအဖြစ် နေရာအနှံ့အပြားသို့ရှောင်းတိမ်းပြေးလွှားခဲ့ကြရပေသည်။ ကျွန်တော်တို့ပြည်သူတွေဟာ တရားမဝင်အကြမ်းဖက်စစ်ကောင်စီ၏ အနိုင်ကျင့်ခြင်းကိုခံရရုံသာမက လတ်တလောတွင် ကိုဗစ်ကပ်ရောဂါကိုပင်ခံစားနေကြရပေသည်။
မုန်တိုင်းထန်ပြီးလျှင် လေပြေလေညင်းတွေတိုက်ခတ်လာသကဲ့ ယခုအချိန်မှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွှတ်ရေးအစိုး၏ ယာယီသမ္မတ ဒူဝါလရှီလသည် ပြည်သူများ၏ခုခံတွန်းလှန်စစ်အား စတင်တော်လှန်တိုက်ပွဲဝင်တော့မည်ဖြစ်ကြောင်း တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား အရေးပေါ်မိန်းခွန်းဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်အတွင်းပြည်သူများဟာ ၎င်းနေ့ရက်အတွက်ဘယ်လောက်ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဂုဏ်ယူနေကြောင်း အသင်တို့သိပါသလား။ ဘယ်လောက်တောင်မှ ဒီမိုကရေစီကိုငတ်မွတ်ဆာလောင်ရူးသွပ်နေလိုက်ကြလဲဗျာ။ ကျုပ်တို့ပြည်သူတွေဟာ သေသေရှင်ရှင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် တစ်စက္ကန့်မျှပင်နေချင်လိုစိတ်အလျဉ်းမရှိကြတော့ပေ။ အမေရိကန်သမ္မတကြီး Abraham Lincoln ပြောခဲ့သလိုဘဲ့
“ဤနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေဟာ အဲ့ဒီနိုင်ငံမှာနေထိုင်တဲ့ပြည်သူတွေနဲ့သက်ဆိုင်ပါတယ်
ပြည်သူတွေဟာ လက်ရှိအစိုးရကိုစိတ်ပျက်ငြီးငွေ့လာတဲ့အခါ
အဲ့ဒီအစိုးရအဖွဲ့၏ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာအခွင့်အရေးကိုအသုံးချနိုင်တယ်
အဲ့ဒီအစိုးရအဖွဲ့ကိုဖြုတ်ချဖို့ တော်လှန်တဲ့ အခွင့်အရေးကို အသုံးချနိုင်တယ်။” ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့အောင်ပွဲဟာ တစ်ကျော့ပြန်လည်ရောက်ရှိလို့လာနေပါပြီ။ အရေးတော်ပုံ အောင်မည်။
ကျွန်တော်တို့မြန်မာပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သပေးကြပါခင်ဗျ
Read :【虛擬貨幣觀察筆記】千禧世代!前途無限的加密市場!