အကြမ်းဖက်စစ်ကောင်စီတို့ အာဏာမသိမ်းခင်က
ကျွန်တော်ပညာရေးဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့တယ်။ ဇာတိမြို့ရဲ့ အဝေးတစ်နေရာက
ရွာလေးတစ်ရွာကိုသွားပြီး မူလတန်းပြရာထူးနဲ့တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အထက်တန်း ကျောင်းပါ။
အထက်တန်းကျောင်းတစ်ခုဖြစ်သော်လည်း အထက်တန်းကိုသင်တဲ့ ဆရာဆရာမတွေက အလုံအလောက်
မရှိပါဘူး။ ကျွန်တော်အား အင်္ဂလိပ်စာကိုကောင်းစွာသင်ကြားနိုင်တယ်လို့ယူဆကာ ကျောင်းရှိ
ကျောင်းအုပ်ဆရာကြီးက ဒဿမတန်းမှာ


အင်္ဂလိပ်စာဘာသာရပ်ကိုသင်ကြားပေးဖို့အကူအညီတောင်းလာခဲ့တယ်။ အတွေ့အကြုံအားဖြင့်
ကျွန်တော်ဟာမူလတန်းအဆင့်လေးသာရှိခဲ့တာကို သူဂရုမစိုက်တော့ပေ။
အထက်တန်းကျောင်းသားတွေကို စတင်ပြီးသင်ကြားရတဲ့အခါ
ကျွန်တော်အဖို့အဆင်ပြေနေခဲ့ပါတယ်။ ကျွန်တော်သင်ယူခဲ့ ဖူးတဲ့ မြင်ဆရာကြားဆရာတွေ
ငယ်ငယ်ကကျွန်တော်လေးစားအတုယူရတဲ့ ဆရာဆရာမတွေရဲ့ သင်ကြားမှုနည်း စနစ်ဟောင်းတွေအတိုင်း


သူတို့ကိုသင်ပြပေးနိုင်ခဲ့တယ်။ ကျောင်းသားတွေကို စည်းမျဉ်းစည်းကမ်း တွေနှင့်အညီသင်ယူစေခဲ့တယ်။
ထိန်းချုပ်မှုတွေ ချုပ်ချယ်မှုတွေနဲ့ သူတို့ရဲ့ပညာရေးကိုသာ ဦးစားပေးကြိုးစားစေခဲ့ တယ်။
ကျောင်းသားတွေရှေ့ကဖြတ်သွားရင် ကျွန်တော့်ကိုသူတို့ကြောက်ရွံ့ရိုသေနေကြတယ်။ ဒီလိုကြောက်ရွံ့
ရိုသေခြင်းရဲ့အကျိုးတွေကြောင့် အတန်းထဲမှာစာတော်လာကြသလို မိုက်မဲတဲ့လုပ်ရပ်တွေလည်း
ပေါ်ပေါက်လာခြင်း မရှိတော့ပေ။ ဒါဟာကျွန်တော်ငယ်ငယ်က အတုယူစံထားရတဲ့ဆရာသမားသကဲ့သို့ဟု
ကျွန်တော်ပီတိဖြစ်ခဲ့ မိတယ်။ ကျွန်တော့်ရဲ့စီမံထိန်းချုပ်မှုတွေကြောင့်
ကျောင်းသားများပြောင်းလဲလိမ္မာလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တောင် ဂုဏ်ယူခဲ့တယ်။
ကျွန်တော်အကြောင်းတစ်ခုကြောင့် ကျောင်းပျက်ခဲ့ရတဲ့တစ်ရက်မှာ မထင်မှတ်ထားတာတစ်ခုက
ကျွန်တော့် ကို အံ့အားသင့်စေခဲ့တယ်။ ကျွန်တော်မရှိတဲ့အချိန်မှာကျောင်းသားတွေဟာ
ပိုပြီးလွတ်လပ်စွာသင်ယူနိုင်ကြသလို ပါဘဲ့။ ကျွန်တော်ရှိနေတုန်းကထက်
ပို၍ကောင်းမွန်စွာပြောဆိုနိုင်ကြတယ်၊ ပို၍ပွင့်လင်းစွာတုံ့ပြန်မှုတွေလုပ်လာကြ တယ်၊
ဆရာဆရာမများနှင့်လည်းနွေးထွေးစွာပြောဆိုလာကြတယ်၊ ကျွန်တော်ရှိစဉ်ကထက်ပို၍အသက်ရှူချောင်
လာကြသလို ပြုမူနေကြတာကိုတွေ့ခဲ့ရတယ်။ ချုပ်ချယ်မှုမရှိတဲ့အချိန်ဟာ

သူတို့အတွက်လွတ်လပ်စွာသင်ယူနိုင်စွမ်း ကို ဖြစ်စေပြီးသက်တောင့်သက်သာရှိစေခဲ့တာကို
ကျွန်တော်သိလိုက်ရချိန်မှာ သူတို့ကျွန်တော်ကိုမနှစ်မြို့ကြတော့ ပေ။ အကြောက်တရားကို
စက်ဆုပ်လာခဲ့ကြတယ်။
ကျွန်တော် ရုပ်ရှင်တစ်ခုမှာ သင်ယူခဲ့ဖူးတာကိုသတိရမိတယ်။ လူကြီးတစ်ယောက်က
သူ့ရဲ့မြင်းရိုင်းလေး တစ်ကောင်ကို ပြောစကားများသဘောပေါက်နားလည်ပြီး
ယဉ်ပါးလိမ္မာလာအောင်ပြင်းထန်စွာရိုက်နှက်ပြီး လေ့ကျင့်ပျိုးထောင်နေတာပေါ့။ သူ့မြင်းကဘယ်လိုမှ
ယဉ်ပါးအောင်လုပ်လို့ မရတာကို သူစိတ်ညစ်နေရှာတယ်။ ဖြစ်စဉ်ကိုမြင်တဲ့
ဉာဏ်ပညာရှိသူလူပုဂ္ဂိုလ်တစ်ဦးက သူ့ကိုအကြံပေးတယ်။ “ မြင်းကမင်းကိုကြောက်လာစေဖို့
အများကြီးရိုက်နှက်လေ့ကျင့်ပေးတာမျိုးမလုပ်ပါနဲ့ကွာ…..ဒီလိုလုပ်တာက
မြင်းကိုလေ့ကျင့်ပေးဖို့အတွက်လွယ်ကူ
စေတဲ့နည်းမဟုတ်ဘူး…အရင်ဆုံးမင်းရဲ့မြင်းအကြောင်းကိုကောင်းကောင်းသိအောင်လုပ်ဖို့ဘဲ့လိုအပ်တာပါ…
”။

freedom


ကျွန်တော်သဘောပေါက်လိုက်ပါတယ်။ ငယ်ငယ်က
ကျွန်တော်စံထားအတုယူရတဲ့ဆရာဆရာမတွေမှာ ကျောင်းသားတွေဘက်က
ရပ်တည်ပြီးကြည့်ပေးရမယ့်မဟာဗျူဟာတစ်ခုရှိသေးကြောင်းသိမြင်ခဲ့ရတယ်။
“တပည့်တွေအပေါ်ဘယ်လောက်ထိန်းချုပ်စီမံနိုင်တယ်ဆိုတာထက်
တပည့်တွေအကြောင်းကောင်းစွာ
သိနားလည်ဖို့က ပိုအရေးကြီးတယ်…။”
ဒါဟာ ကျွန်တော်ရဲ့ငယ်ဘဝဆရာဆရာမများအပေါ် လေးစာကြည်ညိုခဲ့ရတဲ့အချက်ဖြစ်ပါလိမ့်မယ်။
နောက်ပညာ သင်နှစ်ကျတော့ ကျွန်တော်ကျောင်းသားတစ်ဉီးချင်းစီကို နားလည်ဖို့ကြိုးစားစူးစမ်းခဲ့တယ်။
မလိုအပ်တဲ့စည်းကမ်း ထိန်းချုပ်မှုတွေမရှိတော့ဘဲ ပညာကောင်းစွာသင်ယူစေတော့
ကျောင်းသားလူငယ်များပညာရပ်ပိုင်းနှင့်လူမှုဆက်ဆံ ရေးပိုင်းမှာ
ရလဒ်ကောင်းများဖြစ်ပေါ်လာခဲ့ကြတယ်။ လက်တွေ့ကျကျစဉ်းစားသည်ဖြစ်စေ စာတွေ့စဉ်းစားသည်

ဖြစ်စေ ချုပ်ချယ်မှုတွေအောက်မှာအကြောက်တရားနဲ့ရှင်သန်ကြိုးစားရခြင်းက
မည်သည့်တိုးတက်ပြောင်းလဲမှု အသစ်အဆန်းများပေါ်လာမည်မဟုတ်ပါ။
လူငယ်တွေဟာ လွပ်လပ်မှုကိုချစ်မြတ်နိုးကြတယ်။ လူငယ်တွေဟာ လွတ်လပ်စွာ
ကြီးထွားရင့်ကျက်လို ကြတယ်။ လူငယ်တွေဟာ လွှမ်းမိုးမှုမရှိတဲ့ဘဝကိုချစ်မြတ်နိုးကြတယ်။
လူငယ်တွေမှမဟုတ်ပါဘူး လူတိုင်းလွတ်လပ် စွာ အသက်ရှင်သန်နေထိုင်ရတာကို
သဘောကျနှစ်ခြိုက်ကြတယ်မဟုတ်လား။
“လူငယ်တွေကို မချုပ်ချယ်ကြပါနဲ့….. လွတ်လပ်စွာနေထိုင်ခွင့်ပေးပြီး
သူတို့ကိုယ်သူတို့ကာကွယ်စေပါ”
ကျွန်တော့်တပည့်တွေ လွပ်လပ်စွာပညာသင်ကြားချင်သလို
ဒီနေ့ခေတ်မြန်လူငယ်လူထုတစ်ရပ်လုံးဟာ လွပ်လပ်စွာတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံ
ဖြစ်ထွန်းရေးအတွက် တရားမဝင်အာဏာသိမ်းစစ်အုပ်စုကိုတော်လှန် နေကြလေပြီ။ ကျွန်တော့်တပည့်တွေ
ထိန်းချုပ်ချယ်လယ်ခြင်းကိုလက်မခံနိုင်ကြသလို ဗမာ့တော်လှန်ရေးရဲဘော် ၅ ဦးဟာလည်း
စစ်တပ်ထိ်နးချုပ်မှုအောက်မှာ တစ်စက္ကန့်မျှအသက်မရှင်လိုသောကြောင့် တိုက်ပေါ်မှအသားလွတ်ကြီး
ခုန်ချသွားလေပြီ။ သူတို့အဖို့ စစ်အုပ်ချုပ်မှုလက်အောက်မှာ အကြောက်တရားနဲ့ဆက်လက်ရှင်သန်တာထက်
သေလိုက်တာက ပို၍ကောင်းပေသည်။ သို့ကြောင့်ပင် ဒီမောဆို့လူငယ်နှစ်ဦးဟာလည်း
နှိပ်စက်ခံရမှုတွေကြားက သူတို့ရဲ့နောက်ဆုံးဆန္ဒအဖြစ်
လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်တည်လာစေဖို့ အရေးတော်ပုံအောင်လိုကြောင်း
လက်သုံးချောင်းထောင်ကာ ပြသနေလေပြီ…။
လူငယ်တွေရဲ့အနာဂတ်ဟာ လွတ်လပ်မှုကိုပိုင်ဆိုင်ပါတယ်။ အကြောက်တရားမဟုတ်။
လွပ်လပ်ခြင်းဟာ ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ရဖို့ အခွင့်အလမ်းတစ်ခုဘဲ့။
ကမ္ဘာတစ်ဝန်းလုံးရှိအကြမ်းဖက်အာဏာရူးစစ်အုပ်စု အန္တရာယ်များမှလွတ်မြောက်နိုင်ကြပါစ။
အရေးတော်ပုံအောင်ပါစ။

TTK

Read more:မြန်မာ့အရေးပေါ်မိန့်ခွန်း

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *