ကမ္ဘာကျော် Rock Star တစ်ဦးဖြစ်ပြီး အဆိုတော်၊ တေးရေးဆရာ၊ ဂီတအနုပညာရှင်များနှင့်တေးဂီတများဖန်တီးသူ 

Producer တစ်ဦးဖြစ်တဲ့ မြန်မာ့အဆိုတော်ကြီးရင်ဂို၏သား ဟန်ထူးလွင် (ခ) ကျားပေါက်သည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်ရာမြောက်သော Signature Doodle Art ရေးဆွဲထားတဲ့ Ukulele Guitar လေးကို အမေရိကန်ဒေါ်လာ USD ၁၀၀၀ ဖြင့် လေလံဆွဲရာ ၄၅ မိနစ်အတွင်း ဒေါ်လာ ၄၀၀၀ အထိလေလံရရှိခဲ့ပြီး ဆက်လက်၍ ဒေါ်လာ ၅၀၀၀၊ ဒေါ်လာ ၇၇၇၇၊ ဒေါ်လာ ၁၀၀၀၀၊ ဒေါ်လာ ၁၁၁၁၁၊ ဒေါ်လာ ၂၂၂၂၂ အထိ ၂၄နာရီ အတွင်းတိုးမြင့်လာခဲ့ပါတယ်။ အဆင့်ဆင့်ဈေးတိုးပေးပြီး လေလံဆွဲသူများမှာ ကမ္ဘာနံပါတ် ၁ Ukulele Guitar ရဲ့ပေါက်ဈေးဖြစ်သော ဒေါ်လာ ၂၆၀၀၀ဈေးနှုန်းကို ကျော်၍ စံချိန်သစ်ထိုးဖောက်နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၇၀၀၀ ဖြင့် လေလံအောင်သွားခဲ့ပါတယ်။ 

ကမ္ဘာပေါ်မှာ နံပါတ် ၁ ဈေးအမြင့်ဆုံး Ukulele Guitar အဖြစ်စံချိန်အသစ်တင်နိုင်ပြီဖြစ်ကြောင်း မီဒီယာများကြား သတင်းများမွှေးပျံ့လျက်ရှိနေပါတယ်။ အဆိုပါဂီတာကို မြန်မာ့တော်လှန်ရေး၏အဓိကရဲဘော်တစ်ဦးဖြစ်သော အိပန်ဆယ်လိုမှ Facebook စာမျက်နှာမှတစ်ဆင့် ဂျပန်လက်ဖြူကြီးမောင်မောင်အေး နှင့် အမည်မဖော်လိုသူ တစ်ဦးတို့ပူးပေါင်းကာ လေလံတင်ရောင်းချခဲ့တယ်လို့ ကိုကျားပေါက်က သူ၏ Facebook စာမျက်နှာတွင်ကျေးဇူးတင်စကားပြောကြားထားပါတယ်။

လေလံတင်ရောင်းချပြီး ရရှိသည့် အမေရိကန်ဒေါ်လာ ၂၇၀၀၀ ကို NUG အစိုးရထံပေးအပ်သွားမှာဖြစ်ပြီး တော်လှန်ရေး၏နယ်ပယ်အသီးသီးတွင်အသုံးချသွားမည်ဖြစ်သည့်အတွက်လေလံဆွဲအားပေးသူပြည်သူများဟာ တော်လှန်ရေး ၏တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လိုသည့်စိတ်တိုင်းပြည်အပေါ်ချစ်မြတ်နိုးစိတ်များဖြင့်ဈေးအမြင့်ဆုံးပေး၍ ပါဝင်ကြခြင်းဖြစ်ပါ တယ်။

Ukulele worldexpensiveukulele kyarpauk hanhtoolwin NUG 

လေလံ လေလံအောင် ဟန်ထူးလွင် ကျားပေါက် အိပန်ဆယ်လို

Read more: SQUID GAME ဂယက် နဲ့ K DRAMA ဖန်

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *